Sunday, March 8, 2015

တရုတ်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ တရားဝင်ဗီဇာ သက်တမ်းတိုးချဲ့သွားမည်

တရုတ်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ဟာ တရားဝင်ဗီဇာ သက်တမ်းကို နောက်(၁၀)နှစ်အထိ တိုးချဲ့သွားမှာ ဖြစ်ကြောင်း အန်န်ပီစီရဲ့ သီးခြားဆွေးနွေးပွဲဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံဟာ ဗီဇာများ ပြုလုပ်ရာမှာ လွယ်ကူသက်သာစေဖို့ ကြိုးစားသည့် အနေနဲ့ နိုင်ငံပေါင်း (၂၄)နိုင်ငံနဲ့ သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြောင်းနဲ့ တရုတ်လူမျိုးများ အနေနဲ့ နိုင်ငံရပ်ခြားသို့ ခရီးသွားရာမှာ အဆင်ပြေ ချောမွေ့ပြီး ကုန်ကျစရိတ် သက်သာစေရန်နှင့် လုံခြုံစိတ်ချရသည့် ခရီးစဉ်များ ဖြစ်လာစေဖို့ တရုတ်နိုင်ငံ အနေနဲ့ ကြိုးပမ်းဆောင်ရွက်လျှက် ရှိကြောင်း ဝမ်ယိက ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။ 


No comments:

Post a Comment