Sunday, March 8, 2015

ယခုလ (၂၈)ရက်နေ့မှာ ကျင်းပမည့် နိုင်ဂျီးရီးယားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ

နိုင်ဂျီးရီးယားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့က ပြုလုပ်ရန် စီစဉ်ခဲ့ရာမှာ နိုင်ငံအတွင်း ဘိုကိုဟာရမ် လက်နက်ကိုင်များရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အဆိုပါ ရွေးကောက်ပွဲကို ယခုလ (၂၈)ရက်နေ့မှာ ကျင်းပဖို့ ရွှေ့ဆိုင်း ထားခဲ့ရပါသည်။ အဲ့ဒီရွေးကောက်ပွဲ အကြိုအဖြစ် လာဂို့စ်မြို့မှာ အစမ်းမဲပေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ရာ နိုင်ဂျီးရီးယား ပြည်သူများက စုဝေးမဲပေး ခဲ့ကြပါသည်။ အဆိုပါ ရွေးကောက်ပွဲမှာ မဲပေးသူ (၆၈)သန်းကျော်က မဲပေးဖို့အတွက် စာရင်းပေးသွင်းကြပြီ ဖြစ်ပါသည်။ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာတာ နဲ့အမျှ နိုင်ဂျီးရီးယား အစိုးရက လုံခြုံရေးများ တိုးမြင်လျှက်ရှိပေမဲ့ ဘိုကိုဟာရမ် လက်နက်ကိုင်များကတော့ ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ ခြိမ်းခြောက်လျှက် ရှိကြောင်း ရိုက်တာ သတင်းတစ်ရပ်အရ သိရှိရပါသည်။ 


No comments:

Post a Comment