လောက်ကိုင်ဒေသတွင်
တပ်မတော်စစ်ကြောင်းများက ဒေသတည်ငြိမ်အေးချမ်းရေး အတွက် နယ်မြေရှင်းလင်း
ဆောင်ရွက်လျက်ရှိရာ မတ်လ (၃)ရက်နေ့ နံနက် ၄ နာရီခွဲခန့် တွင်
လောက်ကိုင်မြို့တောင်ဘက်ရှိ ယန္တရားဝင်းအတွင်း လုံခြုံရေးဆောင်ရွက်နေသော
တပ်မတော်စစ်ကြောင်းအား ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့က လက်နက်ငယ်များဖြင့်
နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်စစ်ကြောင်းက ပြန်လည်ခုခံ
တိုက်ခိုက်ရှင်းလင်းခဲ့သဖြင့် သောင်းကျန်းသူများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
ထို့အပြင် နံနက် ၅ နာရီခန့်တွင် မော်ထိုက်မြို့အနောက်ဘက်ရှိ ချင်မိုလင်ရွာ အနီး၌
လည်းကောင်း၊ နံနက် ၆ နာရီခန့်တွင် ရန်လုံကျိုင်းရွာ အနီး၌ လည်းကောင်း နယ်မြေ
လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်း များအား ကိုးကန့်သောင်းကျန်းသူ
အဖွဲ့များက လက်နက်ငယ် များဖြင့် အလစ် အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်
စစ်ကြောင်း များ၏ စနစ်တကျပြန် လည် ပစ်ခတ် တိုက်ခိုက်မှုကြောင့် သောင်းကျန်းသူများ
ဆုတ်ခွာသွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိသည်။ ကိုးကန့်သောင်းကျန်းသူအဖွဲ့များ၏
နှောင့်ယှက် တိုက်ခိုက်မှု ဖြစ်စဉ် များတွင် ကိုးကန့် သောင်းကျန်းသူအဖွဲ့မှ အလောင်း
၂ လောင်း၊ ခြောက်လုံးပြူး ၁ လက်နှင့် လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်း ရမိပြီး
တပ်မတော်မှ စစ်သည် ၂ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရစစ်သည်များအား
တပ်မတော်ဆေးရုံများသို့ ပို့ဆောင် ၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment