မြန်မာ-နယူးဇီလန်
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၅၅)နှစ်ကျော်ရှိ၍ ကောင်းမွန်သော ဆက်ဆံရေးရှိပြီး တပ်မတော်နှစ်ရပ်အကြား
ဆက်ဆံရေးများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တပ်မတော်မှ နယူးဇီလန်နိုင်ငံတွင်
သင်တန်းများ စေလွှတ်တက်ရောက်စေနိုင်ခြင်းဖြင့် ပူးပေါင်းဖလှယ် ဆောင်ရွက်သွားနိုင်မည်
ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ(၃)ရက်နေ့
မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး၍
ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Bruce
Rata Shepherd အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
No comments:
Post a Comment