Wednesday, March 11, 2015

 ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကဲလ်သည် ပြောင်းလဲတိုးတက်လာသည့် နည်းပညာရပ်များကို လေ့လာနိုင်ရန် ကာဝါစကီရှိ မစ်ဆူဘီရှီ-ဖူဆို ထရပ်ကားနှင့် ဘတ်စ်ကား ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်လေ့လာ ခဲ့ပါသည်။ ၄င်းစက်ရုံသည် ဂျာမနီ နိုင်ငံပိုင် ဒိုင်ယမ်မလာနှင့် ဂျပန်နိုင်ငံပိုင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတို့ ပူးပေါင်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပါသည်။ မာကဲလ်သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ပစ္စည်းထုတ်လုပ်ပုံ အဆင့်ဆင့်ကို လေ့လာခဲ့ပါသည်။ ဒါ့ပြင် အမျိုးသမီး အလုပ်သမားများမှ ထုတ်လုပ်ပြသထားသည့်ပန်းရောင် အီကို-ဟိုက်ဘရစ် ထရပ်ကားကိုလည်း လေ့လာခဲ့ပါသည်။ လောလောဆယ် အသုံးပြုနေသည့် ထရပ်ကားများသည် အမျိုးသားများအတွက် အဓိက ဒီဇိုင်းထုတ်ထားတဲ့ပုံစံ ဖြစ်နေသည်ကို ကုမ္ပဏီမှ လေ့လာတွေ့ရှိပြီးနောက် အခုပန်းရောင် ထရပ်ကားကို တီထွင်ခဲ့ကာ အမျိုးသမီးအများစုကို စွဲဆောင်နိုင်ရန် ဖြစ်ပါသည်။ မာကဲလ်သည် စက်ရုံတွင်းရှိ အမျိုးသမီး အလုပ်သမားများနှင့် တွေ့ဆုံခဲ့ပြီး ယခုလို တိုးတက်လာသည့်နည်းပညာများကို အသုံးပြု ထုတ်လုပ် နိုင်ခြင်းသည် ဂျပန်နဲ့ဂျာမနီ နှစ်နိုင်ငံလုံးအတွက် အကျိုးအမြတ်ကောင်းများ ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်လို့ ရိုက်တာသတင်း တရပ်အရ သိရှိရသည်။


No comments:

Post a Comment