အီရန်နှင့် အမေရိကန်ကြား နျူကလီးယားဆိုင်ရာ
သဘောတူညီချက် ရရှိနိုင်မည့် အလားအလာနှင့် ပက်သက်ပြီး ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်များက
အီရန်အပေါ် သတိပေးခဲ့ခြင်းသည် အတိုင်းအတာတစ်ခုထိ သဘောထား ကွဲလွဲနေတာ ဖြစ်ကြောင်းနှင့်
၎င်းအနေနှင့် ယခုလောလောဆယ် မှာတော့ သဘောတူညီမှု ရနိုင်၊ မရနိုင်ဆိုတာကိုပဲ ဦးစားပေး
လုပ်ဆောင်လျက်ရှိကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဥရောပကောင်စီ ဥက္ကဌနှင့် မတွေဆုံမီ
သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ သဘောတူညီချက်သည် အိုဘားမား တာဝန်ယူနေစဉ် အချိန်အတွင်းမှာသာ
တည်မြဲနိုင်မှာဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် (၄၇)ဦးက အီရန်ခေါင်းဆောင်များကို
မတ်လ(၉)ရက်နေ့က သတိပေး ပြောကြားခဲ့တာဖြစ်ပါသည်။ အိုဘားမား၏ အစိုးရအဖွဲ့ဝင်များနှင့်
ရီပတ်ဘလစ်ကန် (၇)ဦးမှလွဲပြီး အားလုံးလက်မှတ် ရေးထိုးထားသည့် ၄င်းအိတ်ဖွင့်ပေးစာကို
အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရစ်ဖ်ကတော့ ပယ်ချခဲ့ပါသည်။ ၄င်းစာသည် အိုဘားမား
အစိုးရ၏ နိုင်ငံခြားရေး မူဝါဒကို အခြေပျက်ပြားအောင် လုပ်ဆောင်သည့် ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း
အိမ်ဖြူတော်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်း တစ်ရပ်အရ သိရှိရသည်။
No comments:
Post a Comment