ဧရာဝတီတိုင်းဒေသကြီး၊
ဒေးဒရဲမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရေးမှူး
ဦးစိန်မင်း ခေါင်းဆောင်သည့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများနှင့်
ပါတီဝင်(၁၄၁)ဦး၊ မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ MBA (4th Batch) သင်တန်းမှ
ပါမောက္ခ(ဌာနမှူး) ဒေါက်တာဥမ္မာသိန်း ခေါင်းဆောင်သည့် ကြီးကြပ်သူ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူ
(၈၀)ဦးနှင့် ထိုင်းနိုင်ငံမှ လေ့လာသူ Sriparapha Peteharamesru (၁)ဦး စုစုပေါင်း(၂၂၂)ဦးတို့သည်
မတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့် ပထမအကြိမ်
ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ ကျင်းပနေမှုနှင့်
လွှတ်တော် အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ပါသည်။
No comments:
Post a Comment