Wednesday, March 11, 2015

သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် သံဃာ(၁၀)ပါးတို့အား ခေါ်ယူစစ်မေးခဲ့ပြီး သက်ဆိုင်ရာဒေသ ကျောင်းအသီးသီးသို့ ပြန်ခွင့်ပြု

၂၀၁၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် သပိတ်စစ်ကြောင်းတွင် သံဃာတစ်ချို့ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ခေါ်ယူစစ်မေးခဲ့ရာ သံဃာ(၁၀)ပါး ပါဝင်ခဲ့ပါသည်။ အဆိုပါ သံဃာများအား လက်ပံတန်းမြို့နယ် သံဃနာယကအဖွဲ့နှင့် တာဝန်ရှိသူများမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါသံဃာတော်များမှ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားလွှာ အမှတ် (၈၃)ပါ ညွှန်ကြားချက်များ၊ ၂၀၁၅ ခုနှစ်၊ မတ် (၃)ရက်နေ့တွင် ထုတ်ပြန်သည့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဂိုဏ်းပေါင်းစုံ၏ မေတ္တာရပ်ခံချက်၊ ၂၀၁၅ ခုနှစ် မတ်လ (၄)ရက်နေ့တွင် ထုတ်ပြန်သည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သံဃနာယကအဖွဲ့ ဂိုဏ်းပေါင်းစုံနှင့် ၄င်းနေ့တွင် ထုတ်ပြန်သည့် လက်ပံတန်းမြို့နယ် သံဃနာယကအဖွဲ့ ဂိုဏ်းပေါင်းစုံတို့၏ မေတ္တာရပ်ခံချက်များဖြင့် တားမြစ်သတိပေးခဲ့သော်လည်း သပိတ်စစ်ကြောင်း၌ ကျောင်းသားများဘက်မှ ပါဝင်ဆောင်ရွက်ခဲ့မှုများသည် စေတနာအမှားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရဟန်းသံဃာတော်များနှင့် မအပ်စပ်သော ပါတီနိုင်ငံရေးများ၊ လူမှုရေးရာ ကိစ္စရပ်များနှင့် ယခုကဲ့သို့ ကျောင်းသားသပိတ်များအပေါ် နောင်အခါ ပါဝင်ပတ်သက်မှု မပြုလုပ်တော့ပါကြောင်း၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားလွှာများနှင့်အညီ ဂန္တဓုရ၊ ၀ိပဿနာဓုရ နှစ်ဖြာအား ကျင့်ကြံကြိုးစားပွားများ အားထုတ်မည်ဖြစ်ကြောင်း ဆရာတော်များ၏ ရှေ့မှောက်၌ ၀န်ခံကတိပြုခဲ့ကြောင်း၊ နောက်နောင် ကျောင်းသားသပိတ်စသည့် နိုင်ငံရေးကိစ္စများတွင် ရဟန်ုးသံဃာတော်များနှင့် မအပ်စပ်သည့် ယခုကဲ့သို့ ကျောင်းသားသပိတ်၌ ပါဝင်ခြင်းများအပေါ် မေတ္တာရှေ့ထား၍ ခွင့်လွှတ်သီးခံပေးတော်မူပါရန် လျောက်ထားခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ အဆိုပါသံဃာ(၁၀)ပါးတို့အား ဒေသအသီးသီးရှိ သီတင်းသုံးသည့် ကျောင်းများသို့ ယနေ့နံနက်ပိုင်းမှစ၍ ပြန်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment