Saturday, March 7, 2015

TPP ဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သတ်ပြီး အမေရိကန်မှ သဘောတူညီမှုရရှိရန်နီးစပ်

ပစိဖိတ်ဖြတ်ကျော် မိတ်ဘက်နိုင်ငံများအဖွဲ့ (TPP) ဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သတ်ပြီး ဆယ်စုနှစ်တစ်ခုကြာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများသည် အမေရိကန် ကွန်ဂရက်မှ သံသယများ ရှိနေဆဲဖြစ်ပေမဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါသည်။ စေ့စပ်ညှိနှိုင်းမှုများကို (၂၀ဝ၅)ခုနှစ်က စတင်ခဲ့ခြင်းနှင့်အတူ တီပီပီသည် ယခုအခါမှာတော့ နိုင်ငံပေါင်း(၁၂)နိုင်ငံကြား ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသည့် အာရှပစိဖိတ် ဒေသတစ်ခု ဖြစ်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များနှင့် ပတ်သတ်ပြီး စည်းကြပ်ခွန် လျှော့ချရေးကို ဂျပန်ကငြင်းဆိုနေမှုနှင့် အပိုပစ္စည်းများနှင့် ပတ်သတ်ပြီး အခွန်လျှော့ချခြင်းကို အမေရိကန်က မလိုလားမှုတို့ကြောင့် ဆွေးနွေးမှုများသည် ကြန့်ကြာနေရခြင်း ဖြစ်ပါသည်။ ဂျပန်နှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ပြန်လည်စတင်ခဲ့ပြီး လာမည့် တနင်္လာနေ့မှာ အခြားအဖွဲ့ဝင် (၁၀)နိုင်ငံနှင့်လည်း စိုက်ပျိုးရေး ထွက်ကုန်များဆိုင်ရာ အခွန်စည်းကြပ်မှုနှင့် ကိုယ်ပိုင်ဈေးကွက် ဖွင့်လှစ်နိုင်ရေးတို့ကို သည်ဝိုင်အီမှာ ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ပါသည်။ ကုန်သွယ်ရေး သဘောတူညီချက် ရရှိပါက ဒေသ၏ အခွန်စည်းကြပ်နှုန်းများကို လျှော့ချနိုင်မှာဖြစ်ပေမဲ့ ဒီမိုကရက်တစ် ပါတီဝင်များကတော့ ၄င်းသဘောတူညီမှုကို ဆန့်ကျင်နေကြပါသည်။ တရုတ်နှင့် အခြားနိုင်ငံများသည် ၄င်းကုန်သွယ်ရေး သဘောတူညီချက်မှာ ပါရှိသည့် စံနှုန်းများကို လက်ခံဖို့ ဆန္ဒရှိကြတာကြောင့် တီပီပီအဖွဲ့ဝင်နိုင်ငံများ ဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment