တရုတ်နိုင်ငံသည် (၂၀၁၅)ခုနှစ်မှာ နိုင်ငံခြားကုန်သွယ်ရေး
ဖွံ့ဖြိုးမှု (၆%)ထိ အောင်မြင်မှု ရှိမည်ဟု ယုံကြည်လျက်ရှိကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီး
ဂါအိုချောင်းက မတ်လ (၇)ရက်နေ့တွင် ပြောကြားလိုက်ပါသည်။ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်၏
သီးခြားသတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်က
လူသုံးကုန်ဈေးနှုန်း ကျဆင်းမှုနှင့် ပြည်ပကုန်သွယ်ရေးကြောင့် ဖွံ့ဖြိုးတိုးတက်မှု (၇)ရာခိုင်နှုန်းထိ
ရောက်ရှိရန် လွဲချော်သွားခဲ့ပြီး ယခုနှစ်မှာတော့ (၆)ရာခိုင်နှုန်းထိ ရရှိမယ်လို့ ယုံကြည်ကြောင်း
ပြောကြားခဲ့တာ ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ရည်မှန်းချက်ထိ ရောက်ရှိဖို့ ကဏ္ဍလေးရပ်နှင့်
ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment