လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်
တို့သည် တာဝန်ရှိသူများလိုက်ပါ လျှက် ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့
(၀၉:၀၀)အချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကျိုင်းတောင်းမြို့၏ အနောက်
တောင်ဘက် (၁၄) မိုင်ခန့်အကွာ နမ့်တိန်ချောင်း ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်
လျှက်ရှိသည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိသည်။ ရှေးဦးစွာ
စီမံကိန်းရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီး ၊ ပြည်နယ်ဝန်ကြီးချုပ်
နှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ်
အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းမှ စီမံကိန်း၌
အဓိကတည်ဆောက်မည့် ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ ၊ ရေယူအဆောက်အအုံ ၊ ရေထိန်းတံခါး ၊
ရေသွယ်ဥမင်လိုဏ် ၊ ပင်မရေပိုလွှဲ၊ ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေး
စက်ရုံ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်ရှိမှုနှင့်
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များကို အသေးစိတ် ရှင်းလင်း တင်ပြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်သုံး ပစ္စည်းများ
စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင်သုံးစွဲရေး၊ စီမံကိန်းလုပ်ငန်း
များအား သတ်မှတ် ကာလအတိုင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ သဘာဝ
ဘေးအန္တရာယ် ကာကွယ် ရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေး
စနစ်တကျဂရုပြု ကြပ်မတ် ဆောင်ရွက်ရေး တို့ကို တာဝန်ရှိသူများအား အသေးစိတ်
မှာကြားခဲ့ပါသည်။
No comments:
Post a Comment