အင်ဒိုနီးရှားနိုင်ငံ
ဂျကာတာမြို့၌ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ဂျကာတာမြို့ရှိ
ကွန်ဗင်းရှင်းစင်တာ၌ ဒေသစံတော်ချိန် ယနေ့နံနက် ၉ နာရီခွဲက စတင်ဖွင့်လှစ်သည့်
(၁၀)နှစ်ပြည့် အာရှ- အာဖရိကထိပ် သီးညီလာခံ ဖွင့်ပွဲနှင့်
မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်သည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် တက်ရောက်လာကြသည့် အာရှ- အာဖရိက နိုင်ငံများမှ အကြီးအကဲများအား
အင်ဒိုနီးရှားနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို က ကွန်ဗင်းရှင်းစင်တာ၌
ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် အာရှ- အာဖရိက နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့
အကြီးအကဲများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက်
(၁၀)နှစ်ပြည့် အာရှ- အာဖရိကထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်း အနားကို ကျင်းပရာ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အင်ဒိုနီးရှားနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ ၀န်ကြီးချုပ်
ရှိတ်ဟာဆီနာ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နရိန္ဒြာမိုဒီ၊ ပါကစ္စတန်နိုင်ငံ
ဝန်ကြီးချုပ် မစ္စတာ န၀ပ်ရှာရစ်၊ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၊
ကိုရီးယား သမ္မတ နိုင်ငံသမ္မတ မစ္စ ပတ်ဂွမ်ဟေး၊ ဘရူနိုင်းဒါရူဆလမ်
နိုင်ငံဘုရင်ဆူလ်တန် ဟာဂျီဟာဆာနာ ဘိုကီးယားမူအစ်ဇာဒင် ၀ါဒိုလာ၊ ကမ္ဘောဒီးယား
ဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်၊ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊
မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒါတွတ်ဆရီမူဟာမက် နာဂျစ်ဘင်တွန်း အဗ္ဗဒူလ်ရာဇတ်၊
ဖိလစ်ပိုင်နိုင်ငံ သမ္မတ မစ္စတာဘီနင်နိုအကွီနို၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်
ငုယင်တန်ဇွန်း၊ စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်း၊ ထိုင်းနိုင်ငံ
ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၊ နိုင်ဂျီးရီး ယားနိုင်ငံ၊
အယ်လ်ဂျီးရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တောင်အာဖရိက နိုင်ငံနှင့်
ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက် ကြသည်။
No comments:
Post a Comment