Tuesday, April 21, 2015

ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင် ဧက(၉၀၀)စိုက်ကွင်းအတွင်းငရုတ်သီးနှံများအား ကြည့်ရှုစစ်ဆေး

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူလယ်သမားများ ၀င်ငွေ တိုးတက်စေရေးအတွက် ကိုရီးယားနိုင်ငံဈေးကွက်သို့ ချိတ်ဆက်ပြီးပထမအသုတ် တန်ချိန် (၅၀၀)တင်ပို့နိုင်ရန် ကျေးရွာများအလိုက် တဆက်တစပ်တည်းငရုတ်သီးနှံ စိုက်ခင်းများထူထောင် စိုက်ပျိုးအကောင်ျအထည်ဖေါ်လျက်ရှိသည်။ယနေ့နံနက်(၇)နာရီတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်များလိုက်ပါလျက် ဥတ္တရသီရိမြို့နယ်ရှိ တဆက်တစပ်တည်းတောင်သူပညာပေး ဧက(၉၀၀)စိုက်ကွင်းအတွင်းငရုတ်သီးနှံများကို တောင်ကိုရီးယားနိုင်ငံဈေးကွက် သို့ တန်ချိန်(၅၀၀)တင်ပို့ရန် ဧက ၅၀ အားတပြိုင်တည်းစိုက်ပျိုးထားသော စိုက်ခင်းကိုလည်းကောင်း၊ ကိုးရွာသပြေကုန်းရှိ တဆက်တစပ်တည်းဧက(၂၀)စိုက်ခင်းကိုလည်းကောင်း ရောက်ရှိပြီးသက်တမ်း(၂)လသားအရွယ် ငရုတ်ပင်များမှ အပွင့်များစတင် ထွက်ရှိ၍ ညီညာစွာဖစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေး၍ ကိုရီးယားနိုင်ငံဈေးကွက်လိုအပ်ချက်နှင့် အညီအရည်အသွေးစံချိန်စံညွှန်းကိုက်ညီပြည့်မီရေးမှာကြားသည်။


No comments:

Post a Comment