တရုတ်ပြည်သူ့
သမ္မတနိုင်ငံပေကျင်းမြို့၌ ဧပြီ ၁၂ ရက်မှ ၁၇
ရက်အထိကျင်းပသည့်''အာရှ-အာဖရိကဥပဒေအတိုင်ပင်ခံအဖွဲ့ အစည်း၏ (၅၄)ကြိမ်မြောက်
အစည်းအဝေး''သို့ တက်ရောက်ရန် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင် ဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁၁ ရက်ကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့သည်။
ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်
ဧပြီ ၁၂ ရက်ကတရုတ်ပြည်သူ့သမ္မတ နိုင်ငံဥပဒေအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ
Mr.CaoJianmingဦးဆောင်သောတာဝန်ရှိအဆင့်မြင့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး
နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ဥပဒေရေးရာကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်ရန်
ဆွေးနွေး ခဲ့ကြသည်။
No comments:
Post a Comment