Tuesday, April 7, 2015

ဘဲသားစားသုံးသူများပြားလာ၍ ဝယ်လိုအားမြင့်တက်လာသော်လည်း ဈေးကွက်အတွင်း အဝင်နည်းပါးခြင်းကြောင့် ဈေးနှုန်းများသိသိသာသာ မြင့်တက်လာခြင်း



ပြည်တွင်းစားသုံးမှုဈေးကွက်အတွင်း ဘဲသားများ တင်ပို့မှုနည်းပါးသော်လည်း စားသုံးမှုက ပိုမိုများပြားလာသည့်အတွက် ဘဲသား  ဈေးနှုန်းများသိသိသာသာ မြင့်တက်လာသည်ဟု သိရပါသည်။ ဘဲသားစားသုံးမှုမြင့်တက်ရခြင်းတွင် ကြက်၊ ငှက်တုပ်ကွေးဖြစ်ပွားမှုကို စိုးရိမ်သည့်အတွက် ကြက်သား အစား ဘဲသားများကို ပိုမိုစားသုံးလာခြင်း ဖြစ်နိုင်သကဲ့သို့ စားသောက်ဆိုင် တော်တော်များများကလည်း ဘဲသားကို ဟင်းလျာအဖြစ် ချက်ပြုတ်ရောင်းချမှုများလာကြောင့် ဖြစ်သည်ဟု ခန့်မှန်းထားကြပါသည်။ ရောင်းလိုအားထက် ဝယ်လိုအားပိုမို များပြားနေမှုကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သကဲ့သို့ သင်္ကြန်ကာလ နီးကပ်လာပြီဖြစ်ခြင်းကြောင့် အသားဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်ဟု သိရပါသည်။ ဘဲသား တစ်ပိဿာလျှင် အရင်က ငွေကျပ်ငါးထောင်ဝန်းကျင်ဖြင့် ဝယ်ယူစားသုံးခဲ့ရသော်လည်း ယခုအခါ တစ်ပိဿာလျှင် ငွေကျပ်ခုနှစ်ထောင်ဝန်းကျင်ဖြင့် ဝယ်ယူစားသုံးနေရပါသည်။ ဘဲခြံဖမ်းဈေးနှုန်းအနေဖြင့် ဘဲသားရောင်းချသူများတွင် ယခင်တစ်ပိဿာလျှင် ငွေကျပ်သုံးထောင်ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ ဘဲခြံဖမ်းဈေးနှုန်းသည် ငွေကျပ်သုံးထောင့်ငါးရာဝန်းကျင်အထိ ရှိနေကြောင်း သိရပါသည်။ 

No comments:

Post a Comment