Tuesday, April 7, 2015

၂၀၁၅ခုနှစ် ခရီးသွားရာသီတွင် ဟိုတယ်ဈေးနှုန်းများက ၃ပုံ၁ပုံထိ ကျဆင်းနိုင်



          အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတွင် သိသိသာသာ ဖွံ့ဖြိုးလာပြီး ၂၀၁၄ ခုနှစ်အကုန်မှာ ခရီးသည်စုစုပေါင်း ၃သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ၅၁ ရာခိုင်နှုန်းတိုးတက်လာ ပါသည်။ ၂၀၁၅ခရီးသွားရာသီတွင် ခရီးသည် ၅ သန်း ပတ်ဝန်းကျင်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြပါသည်။ (Inbound) ခရီးသွားရာသီတွင် မေလမှ စက်တင်ဘာလအတွင်း ဝင်ရောက်သည့် ခရီးသည်အရေအတွက်ထက် အောက်တိုဘာလမှ ဧပြီလအတွင်းလာသည့် ခရီးသည်အရေအတွက်က ပိုများပါသည်။ ဝင်ရောက် လာသည့်ဧည့်သည်များနှင့် ပြည်တွင်းက ခရီးသွားများအတွက် လိုအပ်ချက်ကြီးမားနေခြင်းက တည်းခိုရန် နေရာများဖြစ်ပါသည်။ ကမ်းခြေများတွင် ဟိုတယ်တည်ဆောက်မှုနည်းပါးသည့်အတွက် သင်္ကြန်ရာသီလိုအချိန်တွင် ပုံမှန်နှုန်းထားထက် ဈေးနှုန်း ၂ ဆတက်ပါသည်။ ၂၀ဝ၉ ခုနှစ်က ရန်ကုန်မြို့ရှိ ဟိုတယ်ဈေးနှုန်းက တစ်ညကို ပျှမ်းမျှဒေါ်လာ(၃၈)၊ (၄၀)ဝန်းကျင်ရှိခဲ့ပြီး လွန်ခဲ့သည့် ၃ နှစ်ကစပြီး လက်ရှိအချိန်ထိ ဒေါ်လာ(၂၂၀)ဝန်းကျင်ရှိနေပါသည်။ တည်ဆောက်ဆဲ ဟိုတယ်များပြီးစီးမည့် ၂၀၁၅ ခရီးသွားရာသီရောက်ချိန်တွင် ဟိုတယ်နှုန်းထားများက လက်ရှိနှုန်းထားများအောက် (၂၅)ရာခိုင်နှုန်းဝန်းကျင်ကို ဈေးကျဆင်းနိုင်သည်ဟု ဈေးကွက်လေ့လာသုံးသပ်မှုတွေအရ သိရပါသည်။ 

No comments:

Post a Comment