ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့် အတူ နှစ်(၆၀) ပြည့် အာရှ -
အာဖရိကထိပ်သီးညီလာခံနှင့် (၁၀)နှစ်ပြည့် အာရှ- အာဖရိကမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်းအထိမ်းအမှတ်
အခမ်းအနားသို့တက်ရောက်ရန် ဧပြီလ(၂၁)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ
မြန်မာလေကြောင်းအထူးလေယာဉ်ဖြင့် ဧနေပြည်တော်မှ
ထွက်ခွာရာအင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ Halim PerdanaKusuma
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ (၂)နာရီမိနစ် (၂၀)တွင်
ရောက်ရှိသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား အင်ဒိုနီးရှားနိုင်ငံ
လူမှုရေးဝန်ကြီး၊ ဂျကာတာမြို့တော်ဝန်၊ အင်ဒိုနီးရှားနိုင်ငံမှ တပ်မတော်
အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီးနှင့်
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ က လေဆိပ်၌ ကြိုဆိုကြသည်။ ထို့နောက်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Halim
PerdanaKusumaအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျကာတာမြို့ရှိခေတ္တတည်းခိုမည့် Gran
Meliaဟိုတယ်သို့ ရောက်ရှိကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ညပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမိသားစုဝင်
များနှင့် သွားရောက် တွေ့ဆုံခဲ့သည်။
No comments:
Post a Comment