Tuesday, April 21, 2015

တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးထွက်ပြေးတိမ်းရှောင် နေသောရခိုင်သောင်းကျန်းသူ ၅ ဦးအားဖမ်းဆီးရမိ

ပလက်ဝဒေသအတွင်းပင်လုံကျေးရွာ၊ အောင်လံချောင်းကျေးရွာများအနီး၌ ဧပြီ ၁၇ ရက်တွင် တပ်မတော် စစ်ကြောင်းများနှင့် ရခိုင်သောင်းကျန်းသူအင်အားအချို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီးသောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက နယ်မြေများအားရှင်းလင်းရာတပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာတွင် ပါဝင်ခဲ့ပြီးထွက်ပြေး တိမ်းရှောင်နေသော သောင်းကျန်းသူများ ခိုအောင်းနေကြောင်းဒေသခံပြည်သူများ၏ သတင်းပေးချက်အရဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင် စပါးဆိပ် ရွာအနောက်ဘက် တောစပ်၌ခိုအောင်းနေသောရခိုင်သောင်းကျန်းသူတပ်သားအဆင့်ရှိကျော်ဝင်း(ဘ)ဦးခိုင်စိုး ၃၂ နှစ်နှင့် စိန်ကျော်သန်း (ဘ)ဦးဘသန်း ၃၅ နှစ် တို့ ၂ ဦးကိုလည်းကောင်း၊ ညနေပိုင်းတွင် ညောင်ပင်လှရွာ အပြင်ဘက်တွင် ခိုအောင်းနေသောရခိုင်သောင်းကျန်းသူဗိုလ်အဆင့်ရှိထွန်းအောင်ဖြူ (ဘ) ဦးဖြူဒေါင်း ၃၀ နှစ်နှင့် တပ်သားအဆင့်ရှိဇင်မျိုးအောင်(ဘ) ဦးငလုံးချေ ၃၃ နှစ်၊ ဒဏ်ရာရရှိထားသောညီလှိုင်(ဘ)ဦးသာတိုး ၃၀ နှစ်တို့ ၃ ဦးကိုလည်းကောင်းအသီးသီးဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသောရခိုင်သောင်းကျန်းသူများသည် လက်နက်၊ ခဲယမ်းများကိုအခြားနေရာများတွင် သိုဝှက်ထားခဲ့ရာပိန္နဲချောင်းရွာ အရှေ့တောင်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၈၀ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် ချပ်ဝတ်တန်ဆာ ၂ စုံကိုလည်းကောင်း၊ အောင်လံချောင်း ရွာအရှေ့မြောက်ဘက်ရှိ လျှိုအတွင်းမှ အမ်(၂၂) ၃ လက်၊ ကျည်အိမ် ၈ ခု၊ ကျည် ၁၆၇ တောင့်၊ လက်ပစ်ဗုံး ၄ လုံးနှင့် ချပ်ဝတ်တန်ဆာ ၃ စုံကိုလည်းကောင်း၊ စုစုပေါင်းအမ်(၂၂) ၅ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၄၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံးနှင့် ချပ်ဝတ်တန်ဆာ ၅ စုံတို့ကိုရှာဖွေသိမ်းဆည်းရမိခဲ့သည်။အဆိုပါ ဖမ်းဆီးရမိသောရခိုင်သောင်းကျန်းသူ ၅ ဦးအားစစ်ဆေးမေးမြန်း၍ သတင်းဆက်ဖော်ထုတ် လျက်ရှိပြီးရခိုင်ပြည်နယ်အတွင်းသောင်းကျန်းသူများစိမ့်ဝင် ခိုအောင်းမှုမရှိစေရေးတပ်မတော် စစ်ကြောင်းများကဆက်လက် နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။


No comments:

Post a Comment