Tuesday, August 25, 2015

အမျိုးသားဇာတ်ရုံ (ရန်ကုန်)နှင့် အမျိုးသားဇာတ်ရုံ (မန္တလေး)တို့ကို ငှားရမ်းအသုံးပြုမှုများ ခေတ္တ ရပ်နားထားခြင်း

ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)နှင့် အမျိုးသားဇာတ်ရုံ (မန္တလေး)တို့၏ မီး၊ အသံ စနစ်များ ဇာတ်စင်ဆိုင်ရာ စနစ်များ လေအေးပေးစက် အဆောက်အအုံ ထိန်းသိမ်းပြုပြင်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများကို စက်တင်ဘာလ ဒုတိယပတ်အတွင်းမှ စ၍ လုပ်ဆောင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးအတွက် သုံးစွဲရန် ခွင့်ပြုထားပြီးသည့် အစီအစဉ်များမှအပ ဟောပြောပွဲများ အနုပညာဖျော်ဖြေပွဲများ၊ ဇာတ်အငြိမ့်များ၊ တေးဂီတဖျော်ဖြေပွဲများ အတွက် အမျိုးသားဇာတ်ရုံများအား ငှားရမ်းအသုံးပြုခွင့်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ရပ်နားထားမှာ ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက သိရှိရပါသည်။ 

No comments:

Post a Comment