ဟိုတယ်နှင့်ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် ဧည့်လမ်းညွှန်(အခြေခံ)
သင်တန်းအမှတ်စဉ် (၄၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင်
ရန်ကုန်မြို့ အမှတ်(၂၀၅) ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ် (ပန်ဒါဟိုတယ်) တွင် ကျင်းပရာ
ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ တက်ရောက်အမှာစကား
ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ သင်တန်းသား(၁၃၀) တက်ရောက်ပြီး သင်တန်းကို
ရန်ကုန်မြို့ အမှတ်(၄၅၈/၄၆၀) ရသာကွန်ဒို၊ ဒုတိယထပ်၊ မဟာဗန္ဓုလလမ်းနှင့် (၃၁)လမ်းထောင့်
ပန်းဘဲတန်းမြို့နယ်ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး
သင်တန်းကာလမှာ အောက်တိုဘာလ (၂၃)ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment