Wednesday, August 26, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၈)ရက်မြောက်နေ့ ဆက်လက် ကျင်းပ

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၈)ရက်မြောက်နေ့ကို သြဂုတ်လ(၂၆)ရက် မနက်(၁၀)နာရီကကျင်းပရာအာဆင်းနစ် ကင်းလွတ်သော သောက်သုံးရေများ ရရှိစေရန် မည်သို့သောအစီအစဉ်ဖြင့် တူးဖေါ်ဆောင်ရွက်နေသည်ကိုသိရှိလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးမှုလျှော့ချရေးတို့နှင့် စပ်လျဉ်းပြီး စီမံဆောင်ရွက်မှုအခြေအနေကို သိရှိလိုကြောင်း၊ မူးယစ်ဆေးစွဲသူများအတွက် ဆေးကုသ ဖြတ်တောက်သည့် ဆေးခန်းများကိုကလေးမြို့နယ်အတွင်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိမရှိစသည်ဖြင့် မေးခွန်း(၄)ခုမေးမြန်းခဲ့ကြရာသက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ပြန်လည် ဖြေကြား ခဲ့ပါသည်။


No comments:

Post a Comment