Wednesday, August 26, 2015

ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကုမ္ပဏီများမှ ရေဘေးသင့်ပြည်သူများသို့ ငွေကျပ်(၂၂၇)သိန်းခန့် ရှိသော ပစ္စည်းများ လှူဒါန်း

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သောင်းရင်းခန်းမမှာ ဖွင့်လှစ်ထားသော ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လက်ခံရေးဌာနသို့ GMM Media Public Col., Ltd နှင့် Greenwave 10.65 Radio ဦးဆောင်၍ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကုမ္ပဏီများ စုပေါင်းပြီး လှူဒါန်းသောခန့်မှန်း တန်ဖိုးငွေကျပ် (၂၂၇)သိန်းခန့်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများသို့ သြဂုတ်လ(၂၃)ရက်နေ့က လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံကြောင်းသိရသည်။


No comments:

Post a Comment