Friday, August 28, 2015

ပုသိမ်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားကျင်းပ

အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၇)ရက်နေ့၊ မနက်က ပုသိမ်မြို့၊ ဆရာဝန်အသင်းခန်းမမှာ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုနဲ့ပတ်သတ်ပြီး ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ဆုရရှိသူများအား ဆုများချီးမြှင့်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment