Friday, August 28, 2015

မြားပစ်နည်းပြ (Level-1) သင်တန်းဆင်းပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေး အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ မြားပစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်နည်းပြ (Level-1) သင်တန်းဆင်းပွဲအား ဩဂုတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်း၌ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း ဂိုးကမ့် ရှိ မာတီပါးပက်မှာ ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မြားပစ်အဖွဲ့ချုပ်မှ နည်းစနစ်ကျွမ်းကျင်သူ မလေးရှားနိုင်ငံသား မစ္စတာ ရက်လီချမ်က သင်တန်းဆင်းအမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ ပေးပို့သော သင်တန်းဆင်းလက်မှတ်အား သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ပေးအပ်ပါသည်။

No comments:

Post a Comment