လာမည့်
၂၀၁၆ခုနှစ်မှစပြီး မော်တော်ယာဉ်အို၊ ယာဉ်ဟောင်း လဲလှယ်သည့်စလစ်မှလွှဲပြီး ပြည်တွင်းသို့
ဘယ်မောင်းယာဉ်များသာ တင်သွင်းရမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုးဦးစီးဌာနက ထုတ်ပြန်လိုက်ပါသည်။
ထိုသို့ ထုတ်ပြန်ပြီးသည့်နောက် လက်ရှိကားဈေးကွက်အတွင်းတွင် ညာမောင်းကားတွေ ဈေးတက်သွားပြီး
ကားအရောင်းအဝယ်ဈေးကွက်အေးသွားကြောင်း သိရပါသည်။
ပြည်ပကနေ တင်သွင်းရာမှာလည်း ယာဉ်အိုယာဉ်ဟောင်း
အစားထိုးလျှောက်ထားမှုနှင့် ၂၀၁၆တွင် လက်ယာကပ်မောင်းစနစ်နှင့် ကိုက်ညီပြီး အသုံးမပြုရသေးသည့်
ဘယ်စတီယာရင် ယာဉ်များတင်သွင်းရာတွင် ကားပါကင်တင်ပြနိုင်မှသာ တင်သွင်းခွင့်ပြုမည်ဟုလည်း
သိရပါသည်။ လက်ရှိထုတ်ပြန်မှုသည် ကားဟောင်းဈေးကွက်မှ ကားသစ် brand new ဈေးကွက်အတွက်
ခြေလှမ်းသစ်ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိကားဟောင်းဈေးကွက်အတွင်းတွင် ဈေးနှုန်းမငြိမ်သက်မှုတွေရှိနေပါသည်။
Show room
လုပ်ကိုင်နေသူ ယခုလက်ရှိ ပြည်တွင်းတွင် တရုတ်၊ ကိုရီးယားကားများထက် အသုံးပြုပြီး ညာမောင်းဂျပန်ကားများကို
လူကြိုက်များပြီး အသစ်ဆက်ဆက်ဘယ်မောင်းကားများကို တင်သွင်းရမယ်ဆိုရင် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့်
ကား ဈေးကွက်လည်း ရပ်ဆိုင်းသွားနိုင်ကြောင်း ကားရောင်းဝယ်ရေးဈေးကွက်မှ သိရပါသည်။
No comments:
Post a Comment