ယခုနှစ် ၂၀၁၆မှစတင်ပြီး ကမ္ဘာ့ပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ်မှ
ထုတ်ပြန်လိုက်သည့် ဥပဒေသစ်များအရ မြန်မာနိုင်ငံသားပင်လယ်ကူး သင်္ဘောသားများနှင့် နိုင်ငံတကာမှာရှိသည့်
ပင်လယ်ကူး သင်္ဘောသားတွေအားလုံး သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်ရာတွင် ယခင်ကကဲ့သို့အချိန်တစ်နှစ်
(သို့မဟုတ်) နှစ်နှစ်စသည့် ကာလရှည်တွေကို တာဝန်ထမ်းဆောင်ရမည်မဟုတ်ဘဲ အချိန်ကာလအကြာဆုံးအနေနှင့်
ကိုးလသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရပါသည်။ ယခုလိုသတ်မှတ်ရသည့်ပြီးခဲ့သည့် နှစ်အနည်းငယ်
အတွင်းသင်္ဘောသားများက သင်္ဘောပေါ်တွင် အချိန်ကာလကြာမြင့်စွာ တာဝန်ထမ်းဆောင်ရခြင်းကြောင့်
စိတ်ရောဂါဝေဒနာခံစားရခြင်း၊ ကျန်းမာရေးအရ ချွတ်ယွင်းမှုဖြစ်ပေါ်ခြင်းနှင့် သင်္ဘောသားလူသစ်များအတွက်
အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် သတ်မှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့်
အသစ်ထွက်ပေါ်လာသည့် ဥပဒေများအရ မြန်မာနိုင်ငံသား ပင်လယ်ကူးသင်္ဘောသားများ ၂၀၁၆ခုနှစ်မှစတင်ပြီး
သင်္ဘောပေါ်၌ ကာလတိုအနေနှင့် ခြောက်လ (သို့မဟုတ်) ကိုးလနှစ်မျိုးတည်းကိုသာ ရွေးချယ်ပြီး
တာဝန်ထမ်းဆောင် ရမည်ဖြစ်ပါသည်။ ၎င်းအစီအစဉ်သစ်ကို မြန်မာနိုင်ငံသား ပင်လယ်ကူးသင်္ဘောသားများမှလည်း
လက်ခံကြောင်းနှင့် လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ပင်လယ်ကူးသင်္ဘောသားအလုပ်ကိုလုပ်ကိုင်နေသည့်
လူဦးရေ တစ်သိန်းကျော်ရှိကြောင်း သိရပါသည်။
No comments:
Post a Comment