သစ်ထုတ်လုပ်မှုရပ်ဆိုင်းထားမည့်
တစ်နှစ်အတွင်းတွင် ပြည်တွင်းသုံးရန်အတွက် ယခင်နှစ်များက ထုတ်ယူထားသည့် သစ်တန်ချိန်လေးသိန်းခန့်
ရောင်းချပေးရန် စီစဉ်နေကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သိရပါသည်။ ပြည်တွင်းလုပ်ငန်းရှင်တွေကို
အမေရိကန်ဒေါ်လာနှင့် ရောင်းချပေးမည့် သစ်မာတန်ချိန် သုံးသိန်းကျော်နှင့် ကျွန်းသစ် တန်ချိန်
သုံးသောင်းကျော်ရှိပြီး မြန်မာကျပ်ငွေနှင့်ရောင်းချမည့် သစ်မာတန်ချိန်ခြောက်သောင်းခန့်နှင့်
ကျွန်းသစ် တန်ချိန် ကိုးထောင်ကျော်ရှိကြောင်း သိရပါသည်။ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချနေသည့်
ကျွန်းသစ်အမျိုးအစား (၈)မျိုးခန့်ရှိပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ထောင့်နှစ်ရာနှင့်
တစ်ထောင့်ခြောက်ရာကြားရှိပါသည်။ သစ်မာတစ်တန်လျှင် အမေရိကန်ဒေါ်လာ နှစ်ရာနှင့် ငါးရာကြားရှိပါသည်။
ကျွန်းသစ်နှင့် သစ်မာတွေကို လေလံစနစ် တင်ဒါစနစ်တွေနှင့် ပြည်တွင်းမှာရောင်းချခြင်းဖြစ်ပြီး
တစ်လလျှင်တစ်ကြိမ် ဈေးနှုန်းအပြောင်းအလဲရှိပါသည်။ သစ်ထုတ်လုပ်ခြင်း တစ်နှစ်ခန့် ရပ်ဆိုင်းမည်ဆိုသည့်
သတင်းကြောင့် မြန်မာ့သစ်ဈေးကွက်တွင် သစ်မာများဈေးနှုန်း တည်ငြိမ်နေသော်လည်း ကျွန်းသစ်ဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။
တစ်လအတွင်းတွင် ကျွန်းသစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ရာနှင့် နှစ်ရာအကြားဈေးတက်လာကြောင်း
သိရပါသည်။
No comments:
Post a Comment