Wednesday, June 29, 2016

လေးလတာအတွင်း ခရီးသည်စီးနှုန်း သိသာများပြားလာသည့် BRT Lite ယာဉ်လိုင်းအခြေအနေ



 ဖေဖေါ်ဝါရီလ (၇)ရက်နေ့က စတင်ပြေးဆွဲခဲ့သည့် BRT Lite ယာဉ်လိုင်းများသည် ယခုဆိုရင် လေးလတာကာလကို ဖြတ်ကျော်ခဲ့ပြီး ခရီးသည်စီးနှုန်းလည်းပိုမိုများပြားလာခြင်းကိုတွေ့ရပါသည်။ နံနက် (၆)နာရီကနေ ည (၇)နာရီ ဂိတ်စ၊ ဂိတ်ဆုံး ထောက်ကြန့်မှ စတင်ပြေးဆွဲနေသည့် BRT Lite ယာဉ်လိုင်းတွေအနေနှင့် အများပြည်သူများ၏ အားပေးတောင်းဆိုမှုတွေကြောင့် ခရီးစဉ်လမ်းကြောင်းတွေ ထပ်မံတိုးချဲ့သွားရန်ရှိကြောင်း YBPC ဥက္ကဋ္ဌဒေါက်တာမောင်အောင်ကပြောကြားလိုက်ပါသည်။ လက်ရှိတွင် ခရီးစဉ်လမ်းကြောင်း (၁)ပြည်လမ်း အနေနှင့် ကားအစီးရေ (၂၁)စီး၊ လမ်းကြောင်း (၂)ကမ္ဘာအေးအနေနှင့် ကားအစီးရေ (၂၄)စီး၊ စုစုပေါင်း (၄၅)စီးနှင့် ပြေးဆွဲလျက်ရှိပြီး နောက်ထပ်ကားအစီးရေ (၂၀)ကို ထပ်မံတိုးချဲ့ပြေးဆွဲသွားရန်ရကြောင်း သိရပါသည်။ ခရီးသည်များ အနေနှင့် ငွေပေးချေရာတွင် ကတ်စနစ်ကိုအသုံးပြုပြီး ကတ်မပါရှိသည့် ခရီးသည်တွေအနေနှင့် ကားပေါ်တွင် ထားရှိပေးထားသည့် ငွေထည့်ပုံးတွေထဲကို ငွေကျပ်သုံးရာထည့်ပြီး စီးနင်းလိုက်ပါနိုင်ကာ ခရီးသည်တွေ ပိုမိုအသုံးပြုရအဆင်ပြေစေရန် မိုဘိုင်းလ်ဖုန်းနှင့် ငွေပေးချေမှုစနစ်ကိုလည်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရပါသည်။ ယခုအခါ YBPC ၏ တစ်ချို့သောယာဉ်ရပ်နားမှတ်တိုင်တွေကို ဖျက်ဆီးမှုရှိနေခြင်းများတွေ့ရပြီး ထိုသို့ပြုလုပ်မှုတွေကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း YBPC က ကြေညာချက်ထုတ်ပြန်ထားပါသည်။ YBPC တွင် ယာဉ်မောင်းအင်အား (၅၀)ဦးရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (၁၅)ဘီလျီယံကျော်နှင့် စတင်လုပ်ငန်းလည်ပတ် ခဲ့ခြင်းဖြစ်ကာ ၎င်းထက်တိုးချဲ့လုပ်ဆောင်သွားရန်ရှိပြီး ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ထပ်မံဖိတ်ခေါ်သွားရန်ရှိကြောင်း သိရပါသည်။

No comments:

Post a Comment