Wednesday, August 24, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ပထမ လေးလတာကာလအတွင်း ကုန်သွယ်မှု ပမာဏအခြေအနေ



 ယခုဘဏ္ဍာနှစ်အစ ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၈)ဘီလီယံရှိပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။ ယခုဘဏ္ဍာနှစ်၏ လေးလတာကာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ ပြည်ပသို့ အမေရိကန်ဒေါ်လာ (၃.၂)ဘီလီယံကျော် တန်ဖိုး ရှိသည့် ပို့ကုန်များတင်ပို့ထားပြီး ပြည်ပနိုင်ငံများမှ အမေရိကန်ဒေါ်လာ (၄.၇)ဘီလီယံကျော်တန်ဖိုးရှိသည့် သွင်းကုန်များ ပြန်လည်တင်သွင်းထားခြင်းကြောင့် သွင်းကုန်က ပို့ကုန်ထက် အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံကျော် လိုငွေ ပြနေခြင်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရပါသည်။ ထို့သို့ ကုန်သွယ်မှုလိုငွေပြနေခြင်းသည် အနိမ့်ဆုံး လုပ်ခလစာကြောင့် အထည်ချုပ် စက်မှုဇုန်များ ပိတ်သိမ်းသွားခြင်းနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုလျော့နည်းသွားခြင်း တို့ကြောင့်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးအကြံပေးက သုံးသပ်ထား ပါသည်။ ၎င်းအပြင် ယခုဘဏ္ဍာနှစ် လေးလတာကာလနှင့် ယခင်ဘဏ္ဍာနှစ် ကာလတူ နှိုင်းယှဉ်ပါက အရင်နှစ်  ကထက် အမေရိကန်ဒေါ်လာ သန်းခုနှစ်ရာ့ငါးဆယ်ကျော်လျော့နည်းနေပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၇)ဘီလီယံရရှိခဲ့ပြီး ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ (၃၁)ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment