လိုင်စင်မရှိဘဲ
လုပ်ငန်းလုပ်ကိုင်နေသည့် ပြည်ပခရီးစဉ် Outbound Tour လုပ်ငန်းတွေဖြစ်သည့် ခရီးသွားကုမ္ပဏီများကို
ဩဂုတ်လကစတင်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ
သိရပါသည်။ တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ လုပ်ကိုင်နေသည့် Outbound Tour ခရီးသွား
ကုမ္ပဏီများကို လိုင်စင်လျှောက်ထားရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ခေါ်ယူဆွေးနွေးခဲ့ပြီး
လျှောက်ထားရန် အချိန် (၂)လပေးထားပြီဖြစ်ပါသည်။ ထို့ကြောင့် သက်မှတ်အချိန်ကာလပြည့်သည့်
ဩဂုတ်လကစပြီး လိုင်စင်မဲ့ Outbound Tour ခရီးသွားကုမ္ပဏီများကို မြန်မာနိုင်ငံ
ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေ၊ မြန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဒဏ်ငွေဆောင်ခြင်း၊ လုပ်ငန်း ပိတ်သိမ်းခြင်းများနှင့်
ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်ပခရီးစဉ်ဖြစ်သည့်
Outbound Tour
ခရီးသွားကုမ္ပဏီ သုံးရာကျော်ခန့်ရှိကြောင်း သိရပြီး လုပ်ငန်းလိုင်စင်ပေါင်း နှစ်ရာ့ရှစ်ဆယ်
ထုတ်ပေးထားပြီဖြစ်ကြောင်းနှင့် လိုင်စင်မဲ့ ကုမ္ပဏီ (၆၉)ခုကို လိုင်စင်လျှောက်ထားရန်အတွက်
ခေါ်ယူ ဆွေးနွေးပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါသည်။
No comments:
Post a Comment