Tuesday, August 9, 2016

စီးပွားရေးမူဝါဒ (၁၂)ချက်မှာပါဝင်သည့် အချက်အလက်များ

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရရှိစေရန်ဦးတည်၍ သဘာဝသယံဇာတ အရင်းအမြစ်များ ရေရှည်ထိန်းသိမ်းလျက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေ အသုံးချ နိုင်မည့် စီးပွားရေးမူဘောင်ချမှတ်ဆောင်ရွက်ရန် မျှော်မှန်းပြီး ဇူလိုင်လ (၂၉)ရက်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂)ချက်ကို ရှင်းလင်းထုတ်ပြန် ခဲ့ပါသည်။ ၎င်းနိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂)ချက်တွေထဲတွင် ပွင့်လင်းမြင်သာပြီး ကောင်းမွန် တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်နှင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာစေရန် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီ ပေးရန် ခေတ်မီဖွံ့ဖြိုးသော စီးပွားရေးကို ဖြစ်ထွန်းစေမည့် လူ့အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံ သားများအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ အားလုံးဖော်ထုတ်ပေးရန် စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများကို ချိန်ခွင်ရှာညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန် နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိဖို့ မျှတသည့်အခွန်စနစ်ထူထောင်ရန် အာဆီယံဒေသတွင်းသာမက အခြားဒေသများအတွင်း၌လည်း မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမျှော်အမြင်ကောင်းများနှင့် အခြေတည် ထူထောင်ရန်စသည့်အချက်များ ပါဝင်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများကို  မူဝါဒသီးခြားထုတ်ပြန်သွားကြောင်း သိရပါသည်။


No comments:

Post a Comment