ရန်ကုန်မြို့တော်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊
လုပ်ငန်းနှစ်တိုစီမံကိန်းကာလကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာ့မီးရထားနှင့် JACA တို့ပူးပေါင်းပြီး
အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည်မှ သိရပါသည်။ ရထားလမ်းတစ်လျှောက်ရှိ
ကျူးကျော်နေအိမ် များကို ယခုလတွင် စစ်တမ်းကောက်ယူကာ စနစ်တကျနေရာပြောင်းရွှေ့သွားမည်ဖြစ်ကာ
နေအိမ်များ၊ စစ်တမ်း ကောက်ယူမှုများကို အပိုင်းလိုက်လုပ်ဆောင်မည်ဖြစ်ပြီး ဖျက်သိမ်းသင့်သည့်
နေရာများကို စနစ်တကျပြောင်းရွှေ့ဖယ်ရှားသွားမည်ဟု သတင်းအနေနှင့် ထွက်ပေါ်လျက်ရှိနေပါသည်။
ရထားလမ်းအဆင့်မြှင့်တင်မှုတွင် ထိခိုက် နစ်နာနိုင်သည့် ကျူးကျော်အိမ်များကို စာရင်းကောက်ယူနေသည့်အချိန်တွင်
ထပ်မံကျူးကျော်မှုများလည်း ရှိနေသေးကြောင်း သိရပါသည်။ ရထားလမ်းတစ်လျှောက်တွင် ရထားလမ်းကူးဂုံးကျော်တံတားများကို
ပြန်လည် ပြုပြင်တည်ဆောက်ခြင်းအပြင် ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိရထားနှင့်
ကားလမ်းဆုံရာ နေရာဂိတ်များ ကိုလည်း အော်တိုစနစ်အသုံးပြုထားသည့် မောင်းတင်မောင်းချဂိတ်များအဖြစ်
ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားအောက်မြန်မာပြည်မှ သိရပါသည်။ ရထားလမ်းအဆင့်မြှင့်တင်ရာတွင်
စီမံကိန်းကာလများကို နှစ်တိုကာလ ၂၀၁၈ ခုနှစ်အထိ နှစ်လတ်ကာလ ၂၀၂၅ အထိ နှစ်ရှည်ကာလကို
၂၀၃၅ ခုနှစ်အထိ သက်မှတ် ထားကြောင်း သိရပါသည်။
No comments:
Post a Comment