Saturday, August 27, 2016

စတော့အိတ်ချိန်းတွင် တတိယမြောက်ကုမ္ပဏီအဖြစ် မြန်မာနိုင်ငံသားများဘဏ် စတင်

မြန်မာနိုင်ငံသားများဘဏ်က သြဂုတ်လ ၂၆ ရက် နေ့ ၊ သောကြာနေ့မှစပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် တတိယမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် စတော့ရှယ်ယာဈေးကွက်ကိုစတင်လိုက်ကြောင်း သိရပါသည်။ သူ့၏ကြမ်းခင်းဈေးကို အများတတ်နိုင်သည့် ဈေးဖြစ်သည့် ကျပ် ၁၀၀၀၀ အောက်ကနေ စတင်ဖွင့်လှစ်မှာဖြစ်သည်ဟု မြန်မာနိုင်ငံသားများဘဏ် ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူဦးမြင့်ဝင်းကပြောကြားပါသည်။  မြန်မာနိုင်ငံသားများဘဏ်က ရန်ကုန်စတော့အိတ်ချိန်း ၏ စာရင်းဝင် တတိယပြိုင်မြင်းဖြစ်လာသလိုဘဏ်လုပ်ငန်းနှင့် စတော့တင်ရောင်းသည့် ပြည်တွင်း၏ ပထမဆုံးဘဏ် လုပ်ငန်းလည်းဖြစ်လာပါသည်။ ရှယ်ယာအစုပေါင်း ၁၆၀၀ နီးပါးရှိပြီး ငွေကြေးတန်ဘိုးကကျပ်ငွေ ၅၂ ဘီလီယံရှိတာပါ။



No comments:

Post a Comment