အရင်ဆုံးအထပ်လျှော့ချဖို့
ညွှန်ကြားခံထားရသည့် အထပ်မြင့်အဆောက်အဦးများ ပတ်သတ်ပြီး နောက်ဆုံးရ သတင်း ကို ပြောပြပေးပါမည်။
အချိန် ၃ လကျော်ကြာအောင် ရပ်ဆိုင်းထားသည့် အထပ်မြင့်အဆောက်အဦး ၁၂ လုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
ခံဝန်ကတိနှင့် ဒီသြဂုတ်လ ၂၁ ရက်နေ့က တည်ဆောက်ရန် ပြန်လည်ခွင့်ပြုလိုက် သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်က
ပြောပါသည်။ အဲဒီလို ပြန်လည်ခွင့်ပြုခြင်းနှင့် ပတ်သတ်ပြီး လုပ်ငန်းဘယ်တော့လောက် ပြန်စမလဲဆိုတာနှင့်
ပြန်စရင် ဘာတွေခက်ခဲမလဲဆိုတာကို မြန်မာ့ရုပ်မြင်သံကြား စီးပွားရေး သတင်းက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို
ဆက်သွယ်ကြည့်သည့်နေရာတွင် လက်ရှိအချိန်တွင် အလုပ်ပြန်လည် စတင်ရန် အခက်အခဲများရှိနေပြီး
အလုပ်သမားများ ပြန်လည်စုစည်းရမှာနှင့် လုပ်ငန်းခွင်ရပ်နားထားသည့် အချိန် ၃ လကျော်အတွက်
ဘဏ်ကို အတိုးနှုန်းများ ဆပ်ရမည်အခြေအနေကို ပြောပြကြပါသည်။ ထိုဆောက်လုပ်ရေးလုပ်ငန်းများ
အနေနှင့် နောက်ထပ် အချိန် ၄၊ ၅၊ ၆ လောက်ထဲမှာ အလုပ်များပြန်စသွားဖို့ရှိနေပြီး သူတို့အနေနှင့်
အကျိုးတူရင်းနှီးမြှုပ်နှံသူများကို ယုံကြည်မှုများပြန်လည် တည်ဆောက်ရဦးမည်ဟု ပြောပါသည်။
No comments:
Post a Comment