Thursday, August 11, 2016

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဆိုင်ရာ ဆန္ဒခံယူပွဲအတွက် ဆင်များကို အသုံးပြုပြီး မဲဆွယ်ခဲ့

ရွှေ့ပြောင်းမြန်မာလုပ်သားများ အများအပြားလုပ်ကိုင်နေကြသည့် ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဆိုင်ရာ ဆန္ဒခံယူပွဲအတွက် ဆင်များကို အသုံးပြုပြီး မဲဆွယ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ အယုဒယခရိုင်တွင် သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပခဲသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ကျောင်းသားများအပါအဝင် ဆင်များ၏ အကူအညီနှင့် လက်ကမ်းစာဆောင်ပေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ယခု ဆင်များကို အသုံးပြုပြီး မဲဆွယ်ခြင်းကြောင့် အယုဒယခရိုင်က ပြည်နယ် ၁၆ ခုက ပြည်သူများ မဲပေးကြမည်ဟု ယုံကြည်ကြောင်း ဒေသဆိုင်ရာရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း အငြင်းပွားဖွယ်ဖြစ်နေသည့် ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် ရွေးကောက်ခံ အစိုးရအပေါ် ထိုင်းစစ်တပ်၏ အာဏာလွှမ်းမိုးထားမှုကို အသားပေးထားကြောင်း ဝေဖန်ခြင်းများ ရှိနေကြောင်း သိရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်သူများက မထောက်ခံလျှင် ၂၀၁၇ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု ထိုင်းအစိုးရက ပြောကြားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံတွင် မဲပေးရမည့် လူဦးရေပေါင်း သန်း ၅၀ လောက်ရှိပြီး  ၈၀ % လောက်မဲပေးကြလိမ့်မည်ဟု ထိုင်းရွေးကောက်ပွဲကော်မရှင်က ခန့်မှန်ထားကြောင်း သိရှိရပါသည်။


No comments:

Post a Comment