ထိုင်းနိုင်ငံကို
ရောက်ရှိနေကြသည့် မြန်မာနိုင်ငံမှ မိဘမဲ့ကလေးများကို ဥပဒေကြောင်းအရ တရားဝင်အထောက်အထားရရှိရန်
ထိုင်းလူအခွင့်အရေးကော်မရှင် NHRC ဆပ်ကော်မတီက ထိုင်းအာဏာပိုင်များကို တောင်းဆိုလိုက်ကြောင်း
သိရပါသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးစင်တာကို
သွားရောက်စဉ်အတွင်း NHRC ဆပ်ကော်မတီ ဥက္ကဋ္ဌ Surapol Kongchanthik (ဆရာပေါလ် ကောင်ချာသစ်)က
၎င်းတောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က The Nation သတင်းတွင် ဖော်ပြထားကြောင်း
သိရပါသည်။ ၎င်း စင်တာကို အမျိုးသမီးနှင့် ကလေးများအတွက် လှုပ်ရှားဆောင်ရွက်နေသည့် SAW အဖွဲ့က
ကူညီစောင့်ရှောက်ပေးနေသော်လည်း SAW အဖွဲ့အနေနှင့်လည်း တရားဝင်မှတ်ပုံတင် မရှိသည့်အတွက်
ကလေးများကို ပွင့်လင်းမြင်သာစွာနှင့် ကူညီပေးရန်မရကြောင်း ပြောကြားပါသည်။ ၎င်း SAW အဖွဲ့ကို
ကူညီပေးနိုင်ရန် ဖောင်ဒေးရှင်တခုတည်းထောင်ပြီး အကူအညီပေးရမည်ဖြစ်ကြောင်းလည်း ပြောကြားထားကြောင်း
သိရပါသည်။
No comments:
Post a Comment