Tuesday, August 9, 2016

လာမည့်အောက်တိုဘာလမှစတင်ကာ လိုင်စင်ကြေး (၅၀)ရာခိုင်နှုန်း လျော့ချပေးသွားမယ့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင်များ

          လာမည့် အောက်တိုဘာလကနေစတင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှာရှိသည့် လုပ်ငန်းလိုင်စင်များ၏ လိုင်စင်ကြေးတွေကို (၅၀)ရာခိုင်နှုန်းလျော့ချပေးသွားရန် မူဝါဒချမှတ်ပြီးဖြစ်ကြောင်း သိရ ပါသည်။ ၎င်းချမှတ်လိုက်ခြင်းသည် လုပ်ငန်းလုပ်ကိုင်နေသည့် ခရီးသွားကုမ္ပဏီတွေအနေနှင့် လိုင်စင်ကြေးများလို့ အခက်အခဲဖြစ်ပေါ်မှုတွေရှိနေခြင်းကြောင့် ယခုလို ဖြေလျှော့ပေးခြင်း ဖြစ်ကြောင်း သိရပါသည်။ ယခုလို (၅၀)ရာခိုင်နှုန်းလိုင်စင်ကြေးလျှော့ချခြင်းကြောင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးဖို့အထောက်အကူပြုမည်ဖြစ်သကဲ့သို့ ခရီးသွား လုပ်ငန်းများ၊ ဟိုတယ်နှင့် ဧည့်လမ်းညွှန်အခန်းကဏ္ဍ အသီးသီးအတွက်လည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှာရှိသည့် လျှောက်ထားနိုင်သည့် လုပ်ငန်းလိုင်စင်များက ဟိုတယ်တည်ဆောက်မှုနှင့် ပြုပြင်မွမ်းမံမှု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း/ပြည်ဝင်)၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ)၊ ခရီးသွားလာသူများပို့ဆောင်ရေးလုပ်ငန်း လိုင်စင်နှင့် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်တို့ဖြစ်ပါသည်။ လိုင်စင်နှုန်းထား (၅၀)ရာခိုင်နှုန်းလျှော့ချကောက်ခံမှုတွင် အောက်တိုဘာလကစတင်ပြီး လာရောက်လျှောက်ထားသည့် လုပ်ငန်းလိုင်စင်နှုန်းထားများကို လိုင်စင်ကြေး လျှော့ချမည်ဖြစ်ပြီး အောက်တိုဘာလမတိုင်မီ လာရောက်လျှောက်ထားမှုများကို လိုင်စင်ကြေးလျှော့ချ ပေးမည် မဟုတ်ကြောင်း သိရပါသည်။


No comments:

Post a Comment