ဂျပန်ဝန်ကြီးချုပ်
ရှင်ဆိုအာဘေးနှင့် တူရကီဝန်ကြီးချုပ် တာယမ်အာဒိုဂန် တို့ဟာ တိုကျိုမြို့တွင် (၇-၁-၁၄)
ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာသဘောတူညီမှုများကို
ရရှိခဲ့ကြောင်း သိရပါသည်။ ပြီးခဲ့တဲ့ နှစ်က ဂျပန်မှ အမေရိကန် ဒေါ်လာ (၂၂) ဘီလီယံကုန်ကျမယ့်
တူရကီရဲ့ ဒုတိယ နျူးကလီးယား စက်ရုံတည်ဆောက်ရေး သဘောတူညီပြီးနောက် စီးပွားရေးဆိုင်ရာ
သဘောတူညီမှုများ ရရှိကြပါသည်။ ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်များက နည်းပညာပိုင်းဆိုင်ရာများနှင့်
သိပ္ပံဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကိုလည်း သဘောတူညီ ခဲ့ကြပါသည်။
No comments:
Post a Comment