Monday, June 2, 2014

ဗီယက်နမ်တွင် တရုတ်နိုင်ငံသားများ သေဆုံးခဲ့တဲ့ အကြမ်းဖက်မှုအား တုန့်ပြန်တဲ့အနေနဲ့ နှစ်နိုင်ငံ ဖလှယ်ရေး အစီအစဉ် အချို့ကို ရပ်ဆိုင်း

ဗီယက်နမ်နိုင်ငံတွင် တရုတ်နိုင်ငံသားများ သေဆုံးခဲ့တဲ့ အကြမ်းဖက်မှုအား တုန့်ပြန်တဲ့အနေနဲ့ နှစ်နိုင်ငံဖလှယ်ရေး အစီအစဉ် အချို့ကို ရပ်ဆိုင်းမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေလ(၃၁)ရက်နေ့က ပြောကြားလိုက်ပါသည်။ ဗီယက်နမ်နိုင်ငံတွင် တရုတ်အမျိုးသား နှစ်ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရရှိခဲ့တဲ့ မတော်တဆမှုရဲ့ နောက်ခံ အကြောင်းအရာများနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါသည်။ တရုတ်နိုင်ငံဟာ ဗီယက်နမ်ရှိ တရုတ်ခရီးသွားများအတွက် လုံခြုံရေး အဆင့်မြှင့်တင်ထားသလို ဗီယက်နမ်သို့ ခရီးသွားခြင်း မပြုဖို့ သတိပေးထားပါသည်။ တရုတ်နိုင်ငံသားများအား ပြန်လည်ခေါ်ယူရန် တရုတ်ရေယာဉ် (၄)စင်းဟာ (ဟတင့်န်)ပြည်နယ်သို့ စေလွှတ်ထားပြီးဖြစ်သလို အခြားယာဉ်များဟာလဲ အမိန့်ပေးပါက ထွက်ခွာရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်း သိရှိရပါသည်။

No comments:

Post a Comment