Monday, June 2, 2014

လီဗာပူးအသင်းဟာ ဆောက်သမ်တမ်အသင်းမှ တိုက်စစ်မှူး ရစ်ကီလမ်းဘတ်အား စာချုပ်ချုပ်ဆို

လီဗာပူးအသင်းဟာ ဆောက်သမ်တမ်အသင်းမှ တိုက်စစ်မှူး ရစ်ကီလမ်းဘတ်အား စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါသည်။ ၄င်းဟာ အသက်(၃၂)နှစ် အရွယ်ရှိပြီး ကမ္ဘာ့ဖလားအတွက် မီယာမီကွင်းမှာ အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ အတူ လေ့ကျင့်လျက်ရှိပါသည်။ လမ်းဘတ်ဟာ လီဗာပူးလ်မြို့ အစွန်ရှိ (ကီအာဘီ)မြို့မှာ မွေးဖွားခဲ့ပြီး လီဗာပူးလ်သို့ ပြောင်းရွှေ့ရတဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါသည်။ ပြောင်းရွှေ့ကြေးကိုတော့ မသိရှိရသေးပေမဲ့ ပေါင်လေးသန်းခန့် ရှိမယ်လို့ ဗြိတိန်သတင်းဌာနက ပြောကြားခဲ့ပါသည်။ လမ်းဘတ်ဟာ ဆောက်သ်သမ်တမ် အသင်းမှာ (၂၂၈)ပွဲကစားပြီး (၁၁၄)ဂိုးသွင်းယူခဲ့ကြောင်း သိရပါသည်။ ၄င်းဟာ အပြောင်းအရွှေ့ စတင်ချိန်မှာ လီဗာပူးလ်ရဲ့ ပထမဆုံး စာချုပ်ချုပ်ဆိုသူဖြစ်ပြီး လူးဝစ်ဆွာရက်ဇ်နဲ့ ဒန်နီရယ်စတူးရစ်တို့ ယှဉ်ပြိုင်ရနိုင်ကြောင်း သိရှိရပါသည်။    

No comments:

Post a Comment