Monday, June 2, 2014

ဘာ့ဂ်ဒါအားကြိုဆိုရန် မြို့သူမြို့သားများသည် ပူဖေါင်းများ အဝါရောင် ဖဲပြားများဖြင့် ၄င်းတို့ရဲ့မြို့ကို အလှဆင်ထားခဲ့



တာလီဘန်တို့ရဲ့ အကျဉ်းသားတစ်ဦး အနေဖြင့် (၅)နှစ်နီးပါး အဖမ်းခံထားရတဲ့ အမေရိကန် နိုင်ငံသား တပ်ကြပ်ကြီး (ဘိုဝီ-ဘာ့ဂ်ဒါးလ်) လွတ်မြောက်လာခဲ့ပြီး ၄င်းသတင်း ကြားပြီးတဲ့နောက် ဘာ့ဂ်ဒါအားကြိုဆိုရန်  ဟိုင်လေနဲ့ အိုင်ဒါအိုမှ မြို့သူမြို့သားများဟာ ပူဖေါင်းများ အဝါရောင် ဖဲပြားများဖြင့် ၄င်းတို့ရဲ့မြို့ကို အလှဆင်ထားခဲ့ပါသည်။ (ဘာဂ့်ဒါးလ်)ရဲ့ မိဘများဟာ ၄င်းသတင်းကို အမေရိကန်သမ္မတ အိုဘားမားထံမှ ကြားသိ့ပြီးတဲ့နောက် အလွန်ဝမ်းမြောက် ဝမ်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ (ဟိုင်လေ)မှာနေထိုင်တဲ့ (ဘာဂ့်ဒါးလ်) လွတ်မြောက်ဖို့အတွက် ကျူးဘားရှိ ဂွမ်တာနာမို အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ တာလီဘန်(၅)ဦးကို ကာတာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရကြောင်း အမေရိကန် ကာကွယ်ရေး အဆင့်မြင့်အရာရှိက ပြောကြားခဲ့ပါသည်။ ၄င်းဟာ အသက်(၂၈)နှစ် ရှိပြီဖြစ်ပြီး အာဖဂန် စစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သူ တစ်ဦးဖြစ်ပါသည်။ ၄င်းဟာ အာဖဂန်သို့ ရောက်ရှိပြီး (၂)လခန့်အကြာ (၂၀ဝ၉)ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာ အာဖဂန် အရှေ့ပိုင်းရှိ လက်နက်ကိုင်များက ၄င်းကို ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment