ရုရှားနိုင်ငံဟာ ယူကရိန်းရှိ ပြင်းထန်မှုတွေကို ချက်ချင်း
အဆုံးသတ်ပေးရေးနဲ့ အရှေ့နိုင်ငံတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတွေကို
ဖန်တီးပေးဖို့ တောင်းဆိုမှုနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက် မူကြမ်းတစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို
(၂-၆-၁၄) ရက်နေ့က အဆိုတင်သွင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က ပြောကြားခဲ့တယ်လို့
သိရှိရပါသည်။ ယူကရိန်းရှိ ရုရှားရဲ့ အခြေအနေဟာ မေလ(၂၅)ရက်နေ့က သမ္မတရွေးကောက်ပွဲ ပြီးနောက်
ပိုဆိုဆိုးရွားလာခဲ့ကြောင်း အနောက်နိုင်ငံများက အခိုင်အမာ ပြောကြားခဲ့ပေမဲ့ အခြေအနေ
အရပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ လမ်းမှာ တိကျစွာ ဖြစ်ပျက်နေကြောင်း လာဗရော့ဗ်က သတင်းစာ
ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါသည်။ လာဗရောဗ့်က ၄င်းဖြေရှင်းချက် မူကြမ်းမှာ ပြည်သူပြည်သားများ
တိုက်ပွဲဇုံများမှ ထွက်ခွာနိုင်မဲ့ ပြဌာန်းချက်တစ်ခုလဲ ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။
ရုရှားထောက်ခံတပ်ဖွဲ့က ယူကရိန်းနယ်စပ် စခန်းကို မောင်းပြန်သေနတ်များ လောင်ချာဗုံးများနဲ့
တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း-ရုရှားနယ်စပ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း
ယူကရိန်းနယ်စပ် လုံခြုံရေးအဖွဲ့က (၂-၆-၁၄) ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment