လာဂိုမှာ
အီဗိုလာရောဂါ ပြန်လည်ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် နိုင်ဂျီးရီးယား ကျန်းမာရေးအဖွဲ့အနေနဲ့
အီဗိုလာရောဂါနဲ့ ဆက်နွယ်နေနိုင်တဲ့ လူဦးရေ(၃)သောင်းခန့်ကို လေ့လာခဲ့ကြကြောင်း သိရပါသည်။
ပြီးခဲ့တဲ့ (၂၅-၇-၁၄) ရက်နေ့ လာဂိုမှာ သေဆုံးသွားသူ အမျိုးသားဟာ အီဗိုလာဖြင့် သေဆုံးခြင်းဖြစ်တယ်လို့
အတည်ပြုပြီးဖြစ်သလို လာဂိုသင်ကြားမှု ဆေးရုံနဲ့ တက္ကသိုလ်မှပေါမောက္ခ အိုမီလာဘူကတော့ ကျန်းမာရေး
အဖွဲ့အနေနဲ့ သေဆုံးသူ အမျိုးသားနဲ့ နီးနီးကပ်ကပ်ရှိခဲ့သူ
အားလုံးကို လေ့လာနေကြောင်း ပြောကြားလိုက်ပါသည်။ နိုင်ဂျီးရီးယား အစိုးရ အနေဖြင့်တော့
နယ်စပ်ဖြတ်ကျော်မှု ကဏ္ဍများမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး မီဒီယာများဖြင့် ပြည်သူကို
အသိပေးဖို့ စီမံကိန်းများကိုလည်း စတင်ထားပြီဖြစ်ကြောင်း သိရပါသည်။ တာဝန်ရှိသူများရဲ့
ပြောကြားချက်အရ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ဘယ်လိုရောဂါပြန့်ပွားမှုကိုမဆို
ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကလည်း အရည်အချင်း ပြည့်ဝနေကြောင်း
ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment