Saturday, August 30, 2014

ယူကရိန်းသမ္မတ ပိုရိုချင်ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်စ်ဆဲလ်မြို့ရှိ ဥရောပကောင်စီကို ရောက်ရှိခဲ့

ယူကရိန်းသမ္မတ ပိုရိုချင်ကိုဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်အနေနဲ့ နိုင်ငံရဲ့ အရှေ့ပိုင်းမှာ အစိုးရ တပ်ဖွဲ့များနဲ့ တိုက်ခိုက်မှုများ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ခွဲထွက်ရေး သမားများအား ထောက်ပံ့ပေးနေမှုကို ရပ်တန့်ပေးနိုင် ရန်အတွက် အကူအညီ တောင်းခံရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်စ်ဆဲလ်မြို့ရှိ ဥရောပကောင်စီကို ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ဘရပ်စ်ဆဲလ်မြို့မှာ ပြုလုပ်နေတဲ့ ဥရောပထိပ်သီး အစည်းအဝေးမှာ စီးပွားရေး ပိတ်ဆို့ခြင်းနဲ့ ရုရှားရဲ့အဓိက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမဲ့ ဥရောပသမဂ္ဂရဲ့ အဓိကရာထူး နေရာများမှာ ဖြည့်ဆည်းပေး နိုင်မဲ့သူများကို လက်ခံရန်နဲ့ သဘောတူရန် ငြင်းခုံဆွေးနွေး အဖြေရှာခဲ့ကြ ပါသည်။ ရုရှားရဲ့ ယူကရိန်းမှာ စစ်ရေးကြားဝင် စွတ်ဖက်ခြင်းကိုလည်း ဝန်ကြီးချုပ်များ သမ္မတများနဲ့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment