ရှမ်းပြည်နယ်၊
(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ လင်းခေးမြို့နယ်ရှိ (ဒါးဆိပ်မြစ်ရေတင်) သည် မူလဒီဇယ်
စက်သုံးရေ ပေးဝေစနစ်မှ လာမည့် ၂၀၁၅ခု နှစ်ဆန်းပိုင်းတွင် လျှပ်စစ်မြစ်ရေတင် စနစ်ဖြင့်
လည်ပတ် အသုံးပြု သွားနိုင်တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် အစိုးရ လက်ထက်က ဤ
မြစ်ရေတင် စီမံကိန်း လုပ်ငန်းအား လွန်ခဲ့သော ၂၀ဝ၃ ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့မှ စတင်ခဲ့ပြီး၊
၂၀ဝ၅ ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ တည်ဆောက်ပြီးစီး ခဲ့သော (ဒါးဆိပ်
မြစ်ရေတင်) စီမံကိန်းမှ စိုက်ပျိုးရေ ပေးရေးလုပ်ငန်းကို (၂၀ဝ၃-၂၀ဝ၅)ခုနှစ်တွင် တစ်ကြိမ်
(၂၀ဝ၈-၂၀ဝ၉)ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် အထိသာ ရေဖြန့်ဝေနိုင်ခဲ့ပြီး
ယခုအချိန်ထိ လုပ်ငန်းများ ရပ်တန့်နေခဲ့ရာမှ (၂၀၁၄-၂၀၁၅) ဘဏ္ဍရေး နှစ်အတွင်း ရှမ်းပြည်နယ်
အစိုးရ အဖွဲ့၏ ခွင့်ပြုရန် ရံပုံငွေ ကျပ်သိန်း (၁၅၀ဝ) ဖြင့် ယခုနှစ် ဩဂုတ်လမှ စတင်ကာ
အဆင့်မြင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ပြန်လည် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။
No comments:
Post a Comment