အေစီမီလန်
အသင်းသို့ အငှားချခံခဲ့ရတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်၊ မန်ယူက နောက်ဆုံးခေါ်ယူ ထားခဲ့သည်။
ပရီမီးယားလိဂ်
ပွဲစဉ်များကို မနေ့ညက ကစားခဲ့ကြ ရာမှာတော့ ကျူပီအာ အသင်းက ဆန်းဒါးလန်း အသင်းကို တစ်ဂိုးဂိုးမရှိနဲ့
အနိုင်ရရှိခဲ့ပြီး ချာလီ အော်စတင်က လီရွိုင်းဖားရဲ့ ပေးပို့မှုကနေ တစ်ဆင့် (၄၅)မိနစ်မှာ
အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်..။
ဆွမ်ဆီးအသင်း
ကတော့ ဝက်စ်ဘရွန်း အသင်းကို အိမ်ကွင်းမှာ (၃)ဂိုးပြတ်နဲ့ နိုင်ပြီး ထိပ်ဆုံးက ချဲလ်ဆီးနောက်
နံပါတ်(၂)ချိတ် ခဲ့ပါတယ်။ ဂိုးတွေကိုတော့ (၂)မိနစ်မှာ နသန်ဒိုင်ယာ၊ (၂၄)မိနစ်မှာ ဝိန်းရောက်ဒလက်၊
(၇၁)မိနစ်မှာ နာသန်ဒိုင်ယာက ဆစ်ဂါဆင်ရဲ့ ပေးပို့မှု ကနေတစ်ဆင့် သွင်းယူခဲ့တာ ဖြစ်ပါတယ်..။
လက်ရှိချန်ပီယံ
မန်စီးတီး အသင်းကတော့ အိမ်ကွင်းမှာ စတုတ်အသင်းကို တစ်ဂိုးနဲ့ ကပ်ရူံးခဲ့ပါတယ်။ (၅၈)မိနစ်မှာ
အဲရစ်ပိုက်တားစ်ရဲ့ ပံ့ပိုးမှုကနေ ဒီအော့ဖ်က အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်..။
အိမ်ကွင်းမာတဲ့
အဲဗာတန် အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ အတွေ့မှာတော့ ပြာဖြစ်သွားခဲ့ရ ပါတယ်။ (၃)ဂိုး(၆)ဂိုးနဲ့
ချဲလ်ဆီးက အနိုင်ရရှိခဲ့ပြီး၊ တစ်မိနစ်မှာ ဒီယေးဂိုးကော့စတာ၊ (၃)မိနစ်မှာ အိုင်ဗန်နိုဗစ်၊
(၄၅)မိနစ်မှာ မီယာလက်စ်က အဲဗာတန်အတွက် ခြေပဂိုး၊ (၆၇)မိနစ်မှာ ကိုးလ်မန်းက ကိုယ့်ဂိုးကိုယ်သွင်း
ခဲ့ပြီး၊ (၆၉)မိနစ်မှာ နေးစမစ်က အဲဗာတန်အတွက် ခြေပဂိုး ထပ်သွင်းခဲ့ပြီး၊ (၇၄)မိနစ်မှာ
နီမန်ဂျာ မတ်တစ်က (၄)ဂိုးမြောက်ကို သွင်းယူခဲ့ပေမဲ့၊ (၇၆)မိနစ်မှာ ချဲလ်ဆီးက ပြောင်းလာတဲ့
အီတူးက အဲဗာတန်အတွက် ခြေပဂိုး ပြန်သွင်းခဲ့ပေမဲ့၊ (၇၇)မိနစ်မှာ ရာမီရက်စ်က (၅)ဂိုးမြောက်ကို
သွင်းယူခဲ့ပြီး၊ မိနစ်(၉၀)မှာ ဒီယေးဂိုး ကော့စတာက ၆ဂိုးမြောက် ပွဲသိမ်းဂိုးကို သွင်းယူခဲ့ကြသည်။
ဆောက်သမ်ပတန်
အသင်းကတော့ လူကောင်းတွေ ထုတ်ရောင်းထား ခဲ့ပေမဲ့လို့ အဝေးကွင်းမှာ ခြေစွမ်းပြနိုင်ဆဲ
ဖြစ်ကြောင်း ဝက်စ်ဟမ်းအသင်း နဲ့ပွဲမှာ တစ်ဂိုး-၃ဂိုးနဲ့ ကစားပြသွား ခဲ့ပါတယ်။ ၂၇မိနစ်မှာ
မာ့ခ်နိုဘယ်က အိမ်ရှင်အတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး၊ ၄၅မိနစ်မှာ ရှနိုက်ဒါလင်းက ခြေပဂိုးနဲ့
၆၈မိနစ်မှာလဲ ၄င်းကပဲ ပိုးဆီးရဲ့ ပေးပို့မှုကနေ တစ်ဆင့် ဒုတိယဂိုးနဲ့ ၈၃မိနစ်မှာ ပယ်လယ်ကပွဲသိမ်း
ဂိုးများကို သွင်းယူခဲ့ကြ တာဖြစ်ပါတယ်..။
အခြားပွဲစဉ်
တွေမှာတော့ နယူးကာဆယ်နဲ့ ခရစ်စတယ် ပဲလေစ့်တို့ တစ်ဖက် ၃ဂိုးစီသရေကျခဲ့ပြီး၊ မန်ယူကတော့
တန်းတက် ဘန်လေအသင်းကို ဂိုးမရှိသရေ ကစားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment