တနင်္သာရီတိုင်း
ဒေသကြီး၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း ကျေးရွာအုပ်စု ညောင်ပင်ကွင်းရွာ အရှေ့နှင့်
အနောက်ရွာသို့ ညောင်ပင်ကွင်းချောင်းကို ဖြတ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တနင်္သာရီတိုင်း
ဒေသကြီး ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ တံတား ဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၁၆)မှ
တာဝန်ယူဆောက်လုပ် လျှက်ရှိသည့် တနင်္သာရီ မောတောင်လမ်း ညောင်ပင်ကွင်း (အာဆီ) ကွန်ကရစ်တံတား
တည်ဆောက်ခြင်း လုပ်ငန်းသည် ဒီကနေ့အထိ (၉၀)% ပြီးစီးနေပြီးဖြစ်ကြောင်း သိရပါတယ်။ ၄င်း
ညောင်ပင်ကွင်းတံတားအား ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်
သိန်း(၄ထောင်)နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထပ်ဆောင်းရန်ပုံငွေ သိန်း(၃ထောင်)ကျပ်၊ စုစုပေါင်း
ကျပ်သိန်း (၇ထောင်)ဖြင့် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ လမှ စတင်၍ (အာဆီ) ကွန်ကရစ် အခိုင်အမာတံတား
တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၄င်း ညောင်ပင်ကွင်းရွာ အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းရှိ
ကျေးရွာများသို့ သွားလာနိုင်ရန်အတွက် ယခင်က ဒေသခံ ပြည်သူများ စွမ်းအားဖြင့် ယာယီ သစ်သား
တံတားကိုသာ ပြည်သူများ အားထားသွားလာခဲ့ရပြီး နှစ်စဉ် မြစ်ရေကြီးမှုဒဏ်ကြောင့် ၄င်းသစ်သားတံတား
ပြိုကျနိုင်ခဲ့သဖြင့် ကူးတို့လှေဖြင့်သာ အချိန်ကုန် လူပန်း ကူးလူး သွားလာခဲ့ရပါတယ်။
ထို့ကြောင့် ဒီတံတားပြီးစီးပါက ခရီးသွားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်
မော်တော်ယာဉ်များ စိတ်ချမ်းသာစွာဖြင့် အချိန်တိုအတွင်း တနင်္သာရီမှ မောတောင်လမ်း တစ်လျောက်အပြင်
သွားလိုသည့်နေရာသို့ ရာသီမရွေး အလွယ်တကူ သွားလာနိုင်တော့မည် ဖြစ်သည့်အပြင် ရာသီမရွေး
ကုန်စည်ကူးသန်းမှု လျင်မြန်လွယ်ကူ လာမည်ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment