တရုတ်နိုင်ငံ
ဘေဂျင်းမြို့လယ်မှာ ရိုးရာဓလေ့အတိုင်း ဖောက်လုပ်ထားတဲ့ လူသွားလမ်းကြား ကလေးတွေ မရှိသော်လည်း
တရုတ်နိုင်ငံ၏ ကွန်မြူနစ် ကာလပုံစံ သေးငယ်တဲ့ လူသုံးကုန် စတိုးဆိုင်လေး တစ်ဆိုင်မှာ
ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။ ကျောင်ဖုကျဲးလို့ ခေါ်တဲ့စတိုး ဆိုင်လေးကို နိုင်ငံပိုင်
လူသုံးကုန် စတိုးဆိုင်များရဲ့ ကွင်းဆက် တစ်ခုအနေနဲ့ (၁၉၅၆)ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်ပါသည်။
(၁၉၇၈) ခုနှစ်ကစပြီး ပွင့်လင်းမှုနဲ့ မူဝါဒပြုပြင် ပြောင်းလဲမှုတွေကြောင့် ဒီလိုမျိုး
ဆိုင်လေးတွေ ပျောက်ကွယ်သွားခဲ့ပြီး ပုဂ္ဂလိကပိုင် လူသုံးကုန် ဆိုင်ကြီးများက အစားထိုး
ဝင်ရောက်ခဲ့ပါသည်။ သို့သော် ယခုအခါတွက် ကျောင်ဖုကျဲ ဆိုင်လေးဟာ ဘေဂျင်းရဲ့ တစ်ခုတည်းသော
နောက်ဆုံး လက်ကျန်ဆိုင်လေး တစ်ဆိုင်ဖြစ်နေပါသည်။ ဒီဆိုင်လေးဟာ ခရီးသွား ဧည့်သည်တွေကို
ဆွဲဆောင်နိုင်တဲ့ နေရာတစ်နေရာ မဟုတ်သော်လည်း သက်တမ်းအားဖြင့်တော့ အနှစ်(၅၀)နီးပါးရှိပြီ
ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment