ထိုင်းနိုင်ငံ၏
အသစ်တာဝန်ခန့်အပ်လိုက်သည့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် တာနာဆက် ပတ်တီမာပရာဂွန်နှင့်
အဖွဲ့ဝင်ကိုယ်စားလှယ်များဟာ ကမ္ဘောဒီးယားနိုင်ငံသို့ တစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး
ကမ္ဘောဒီးယားတာဝန်ရှိသူများနှင့် (၁-၉-၁၄) ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ တာနာဆက်ဟာထိုင်းနိုင်ငံ၏
ဒုတိယဝန်ကြီးချုပ်အသစ်အဖြစ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရတာဖြစ်ပါသည်။
၎င်းဟာ ကမ္ဘောဒီးယား၏ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့သည့်ပြင် ထိုင်းနိုင်ငံ၏ လက်ရှိ
အခြေအနေများ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားလုပ်သားများ၏ အခြေအနေများကိုလဲ ဆွေးနွေးခဲ့ပါသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟူဆန်နဲ့လည်း တွေ့ဆုံခဲ့ပြီး (၂)နိုင်ငံဆက်ဆံရေး တိုးမြင့်ရေးအတွက်
သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment