တရုတ်ဝန်ကြီးချုပ်
လီကာ့ချန်ဟာ (၁-၉-၁၄) ရက်နေ့က ရိုမေးနီးယားနိုင်ငံမှ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့်
ဝန်ကြီးချုပ် ဗစ်တာ-ပွန်တာ တို့ကို ဘေဂျင်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲမှာ
တရုတ်နှင့် ရိုမေးနီးယားနိုင်ငံတို့အကြား ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနှင့် နှစ်နိုင်ငံအကျိုးတူ
ပူးပေါင်းရေး ကိစ္စရပ်များ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊
စွမ်းအင်ကဏ္ဍ၊ နျူကလီးယားစွမ်းအင်၊ အပူစွမ်းအင်နဲ့ လေစွမ်းအင် တို့ကိုအလေးပေးသည့် ပူးပေါင်းဆောင်ရွက်မှု
များကို နှစ်ဦးနှစ်ဖက် နားလည်သဘောတူညီမှု ရရှိစေရန် ဆွေးနွေးသွားမှာ ဖြစ်ပါသည်။ ဒါ့အပြင်
နှစ်နိုင်ငံအကြား တည်ဆောက်လျက်ရှိသည့် ဘူခါရက်စ်-ကွန်စတန်ဆာ ရထာလမ်းစီမံကိန်းကိုပါ
ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များဟာ ဆွေးနွေးမှုများအပြီးမှာ
စွမ်းအင်၊ ဘဏ္ဍာရေးနှင့် အခြေခံ တည်ဆောက်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး
နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးသွားကြမှာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment